ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၅၊ ကလော
ကလောမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ မြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ဩဂုတ်လ (၁၂ )ရက်၊ အင်္ဂါနေ့၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၄)၊ မြနန္ဒာ(၇) လမ်းထိပ်၊ ဦးထွန်းမောင်၏ နေအိမ်၌ ပြုလုပ်ခဲ့ပါသည်။
ကလောမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီရုံးကို ၂၀၂၃ ခုနှစ်တွင် ကလောမြို့နယ်၊ ကုတင်(၇၀၀) တပ်မတော်ဆေးရုံအနီး၊ အောင်ပန်း -တောင်ကြီး၊ ပြည်ထောင်စုလမ်းမ၊ အောင်ပန်းမြို့၌ ဖွင့်လှစ်ထားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရခြင်းဖြစ်သည်။
အောင်ပန်းမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ မြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ပြုလုပ်
