ကလော၊ ၂၁ စက်တင်ဘာ
ကလောခရိုင် ကလောမြိုနယ် အောင်ပန်းမြို ပင်မှီကောက်ကွင်း ငုံးသုံးသွားလမ်းရှိရေချောင်းအတွင်းဒီနေ့ နေ့လည် ၁၁နာရီအချိန် လူတစ်ဦး ရေနှစ်သေဆုံးခဲ့ကြောင်း ၄င်းသေဆုံးသူသည် အောင်ပန်းမြို ဇောတိရပ်ကွက် နယ်မြေ(၄)နေထိုင်သူ ဦးစောထွေး(ခေါ်)မောင်ကင်းဖြစ်ကြောင်း “မောင်ကင်းနှင့်ကလေးငယ်တစ်ဦးက ရေချောင်းမာ ဂဏန်းရှာရင်းနဲ့ရေနှစ်သွားတာ ကလေးကိုတော့အသက်ရှင်လျှက်ကယ်နိုင်ခဲ့ပေမယ့် လူကြီးကိုတော့အချိန်ကြာမြင့်စွာရှာဖွေရတဲ့အတွက် စိတ်မကောင်းစွာနဲ့ အသေလောင်းဘဲပြန်ရခဲ့တယ်”လို အောင်ပန်းကြက်ခြေနီတပ်ဖွဲမှ ဦးထွန်းထွန်းလွင်ပြောပြချက်အရသိရှိရပါသည်။