ဟိုပုံး၊ ၂၀၂၅ ဩဂုတ်လ ၇ ရက်
မန္တလေးတိုင်းဒေသကြီး၊ နေရဉ္စယျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်မှ မောင်းနှင်လာသော ဆန်/ကြက်သွန်ဖြူ/နီအိတ်များ တင်ဆောင်လာသည့် CANTER ယာဉ်သည် သြဂုတ်လ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံး-လွိုင်လင်သွား ကားလမ်း မိုင်းပွန်မြို့ အနောက်ဘက်အဆင်း၊ ပွန်ချောင်း စားသောက်ဆိုင်အနီးသို့ အရောက်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် အနက်ပေ(၃၀)ခန့်ရှိ လမ်းဘေးသို့ ထိုးကျသွားခဲ့ရာ ယာဉ်မောင်းသည် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ယာဉ်ပေါ်လာသည့် ယာဉ်နောက်လိုက်(၁)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။
မိုင်းပွန်မြို့ အနောက်ဘက် ပွန်ချောင်း စားသောက်ဆိုင်အနီးတွင် ကားဘရိတ်ပေါက်၍ တိမ်းမှောက်ရာ လူ(၁) ဦးသေဆုံး ◽
