#ဖြားတန်အောင်ခမ်းထီဇနီး #မွိုးဖျူး ရဲ့ဇာတိရွာ(သို့) #နောင်ခုဲင်း(နောင်ခဲ)

fotojet (16)

472512903 1098874872029754 512195760373104001 n
နောင်ခဲဆိုတာ
တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ #ကျောက်တလုံးကြီးမြို့(ယခင်မြို့နယ်ခွဲ)၊ နောင်ခဲကျေးရွာအုပ်စုထဲမှာ ပါဝင်ပါတယ်။
ခန့်ညားထည်ဝါတဲ့
ဘုန်းတော်ကြီးကျောင်းနဲ့ များပြားတဲ့အိမ်
ကြောင့်
လူသိများတဲ့ကျေးရွာဖြစ်ပါတယ်။
နောင်ဆိုတာက
ပအိုဝ်းဒေသရဲ့ အကြီးဆုံးကျေးရွာများတွင်တစ်ရွာအပါအဝင်ဖြစ်ပြီး
အိမ်ခြေ #ထောင်ကျော် ရှိပါတယ်။
ထို့အပြင်
ကျေးရွာလို့သာခေါ်ဆိုသော်လည်း ရပ်ကွက်တွေနဲ့ဖွဲ့စည်းထားပါတယ်။
ဥပမာ
#နောင်ခဲအလယ်ရွာ၊ #အနောက်ရွာ၊ #မြောက်ရွာ၊ #အရှေ့ရွာဆိုပြီးရှိပါတယ်။
ထူးခြားတာတစ်ခုကတော့ နောင်ခဲဆိုတာ #ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး #ဖြားတန်စင်ဖာအောင်ခမ်းထီရဲ့
ဇနီး #မွိုးဖျူးရဲ့
ဇာတိရွာဘဲဖြစ်ပါတယ်။
472194532 1098874988696409 7108178301167034918 n

472239870 1098874798696428 3422445174551187307 n
ယခုအခါ အထက်တန်းကျောင်း၊ ဆေးပေးခန်းများ၊ ဘုန်တော်ကြီးကျောင်းတွင်လည်း ဒေသစုံမှ လာရောက်ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် ပရဟိတကျောင်းပုံစံ လက်ခံပေးနေပြီး ပအိုဝ်းစာပေ၊ ဓမ္မစကူးလ်၊ ယဉ်ကျေးလိမ္မာသင်တန်းစတာတွေလည်း ဖွင့်လှစ်ပေးနေပါတယ်။
ယခုအခါ (၂၄)နာရီလျှပ်စစ်မီးများ၊ ကတ္တရာလမ်းများလည်း ပေါက်နေပြီဖြစ်ပါတယ်။
အဓိကလုပ်ကိုင်တာကတော့ #သနပ်ဖက်လုပ်ငန်း၊ #ရိုးရာလွယ်အိတ်လုပ်ငန်းများလုပ်ကိုင်ကြပါတယ်။
ပအိုဝ်းရိုးရာလွယ်အိတ်ထဲမှာ
#နောင်ခဲလွယ်အိတ် က အရည်အသွေးအကောင်းဆုံးဖြစ်ပါတယ်။
472194532 1098874988696409 7108178301167034918 n
ဒါ့အပြင် နောင်ခဲကျေးရွာတွင်လည်း ရှေးခေတ်ပအိုဝ်းရိုးရာပျဉ်ထောင်အိမ်များလည်း ယနေ့တိုင်တွေ့မြင်နေရဆဲဖြစ်ပါတယ်။
တည်ရှိတဲ့နေကတော့ တောင်ကြီး-ကျောက်တလုံးလမ်း-ညောင်ရွှေလမ်းနဲ့ တောင်ကြီး-ကျောက်တလုံး-ဆိုက်ခေါင်လမ်း လမ်းသုံးဆုံ ကနေ အနောက်ဘက်တိုင်း သွားရင်ရောက်နိုင်ပါတယ်။
📝ခွန်ယွေးယဲင်(ခမ်းစန္တားဟေ့)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top