ပင်တွန်ပအိုဝ်းအမျိုးသားအာဇာနည်ကုန်းတွင် (၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားပြုလုပ်

fotojet (17)

fotojet (17)
ပင်တွန်ပအိုဝ်းအမျိုးသားအာဇာနည်ကုန်းတွင် (၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားပြုလုပ်
======================
အထူးဒေသ(၆)၊ စက်တင်ဘာလ(၁၁) ရက်၊ ၂၀၂၅
ဒီကနေ့ သက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်တလင်းလပြည့်ကျော် (၅)ရက်နေ့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်းကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသားအာဇာနည်ကုန်းတွင် နှစ်(၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဒီကနေ့ပြုလုပ်သော (၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံလွင့်တင်ခြင်း၊ ပအိုဝ်းအမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာလှဖေနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံတော်အား အလံတိုင်တဝက်ချ လွင့်ထူကာ အောက်မေ့သတိရ ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်စွာနေခြင်း၊ လွမ်းသူပန်းခွေချခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပင်တွန်းဘုန်းတော်ကြီးကျောင်း၊ ပထမမဟာဝိဟာရကျောင်းတိုက်၌ ကျဆုံးသွာသော ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များကို ရည်စူး၍ သံဃာတော်များထံမှ တရားတော်နာကြားခြင်း၊ နေ့လယ်ဆွမ်းကပ်လှူခြင်း၊ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ ရေစက်ချ အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဖြားခွန်စံလွင်၊ အထူးဒေသ(၆)၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိိုစစ်ကော်မတီ ဒု-ဥက္ကဌဖြားပီတာထွန်းနိုင်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဌ ဖြားခွန်ဝင်းကိုနှင့် တိုင်းလေးတိုင်းအတွင်းရှိ ဗျူဟာမှူးများ၊ စစ်ဒေသမှူးများ၊ လူမှုရေးအဖွဲ့အစည်းနှင့်ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top