နောင်တောင်း ဆရာတော်မှ လူငယ်များအတွက် အနာဂတ်ပညာရေးအစီအစဉ်ဟောပြောပွဲ ကျင်းပ Naung Taung Sayadaw Holds Educational Talk for Youth on Future Education Opportunities

fotojet (7)

6091669201476508275
ရှမ်းပြည်နယ် တောင်ပိုင်း၊ နောင်တရားမြို့နယ်ရှိ ပအိုဝ်းအမျိုးသားရုံး၌ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက် မနက် ၁၀ နာရီတွင် နောင်တောင်း ဆရာတော်မှ လူငယ်များအတွက် အနာဂတ်ပညာရေး အစီအစဉ်များကို ဟောပြောတင်ပြခဲ့သည်။
On August 4, 2025, at 10:00 AM, Naung Taung Sayadaw delivered a special talk on future education opportunities for youth at the Pa-O National hall in Naungtaya Township, Southern Shan State.
6091669201476508278
ဤဟောပြောပွဲတွင် ၁၂ တန်းအောင်မြင်ပြီးသူများနှင့် ၁၂ တန်း မဖြေဆိုရသေးသည့် လူငယ်များအတွက် သင့်လျော်သော ပညာရေးလမ်းကြောင်းများ၊ အလားအလာရှိသည့် သင်တန်းများနှင့် တက္ကသိုလ်ပညာရေးဆိုင်ရာ အစီအစဉ်များကို ဆရာတော်က တင်ပြပေးခဲ့သည်။ ၎င်းပွဲသို့ မိဘများနှင့် သားသမီးများက ပူးပေါင်းတက်ရောက်ပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည်။
During the session, Sayadaw provided detailed guidance on appropriate educational pathways, promising training programs, and higher education options for students who have passed Grade 12 as well as those who have not yet taken the exam. Parents and students attended the event and actively participated in the discussion.
6091669201476508277 (1)
နောင်တောင်းဆရာတော်မှ ပြုလုပ်သော အနာဂတ်ပညာရေးအစီအစဉ်တွင် ပါဝင်သည့်အချက်များမှာ—
၁။ အသက် ၁၆ နှစ်အထက် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ
၂။ နောင်တောင်းပရဟိတပညာရေးကောလိပ်မှ ပေးအပ်သောသင်တန်းများ
• ဆရာဖြစ်သင်တန်းကျောင်း (Youth School Teacher Program – YSTP)
• အစိမ်းရောင်လူငယ်ဖွင့်ဖြိုးရေးသင်တန်း (Green Development Program – GDP)
၃။ ပအိုဝ်းစာပေတက္ကသိုလ်ပညာရေး
၄။ ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်ပညာရေး
၅။ ၁၂ တန်း ပြင်ပဖြေစနစ်ဖြင့် အစိုးရအထက်တန်းပညာရေး
The key components of the Future Education Program presented by Sayadaw included:
1. Vocational training courses for youth aged 16 and above
2. Training programs offered by Naung Taung Philanthropic Education College:
•Youth School Teacher Program (YSTP)
• Green Development Program (GDP)
3. University-level education in Pa-O literature and culture
4. Domestic and international university education opportunities
5. Government-recognized external Grade 12 examination system

6091669201476508289

6091669201476508286

6091669201476508285

6091669201476508284
လူငယ်များအနာဂတ်အတွက် ပညာရေးသည် အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်ကြောင်း ဆရာတော်ကသတ်မှတ်၍ အကြံဉာဏ်များ၊ လမ်းညွှန်ချက်များကိုလည်း တင်ပြခဲ့သည်။ ထိုအစီအစဉ်မှတဆင့် ရှမ်းပြည်နယ်ရှိ လူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင်မည်ဟု မျှော်လင့်ရသည်။
Sayadaw emphasized that education is one of the most vital foundations for the future of young people and shared valuable advices and guidance. Through this program, it is hoped that educational opportunities for youth in Shan State will continue to improve and expand.
6091669201476508283

6091669201476508280

6091669201476508274

6091669201476508276

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top