ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နောင်တရားမြို့ရှိ တပေါင်းကွင်းမှာ ဩဂုတ်လ ၁၀ရက်နေ့ နေ့လည် ၁နာရီအချိန်….Alkamag Company မှ ရေသန့်စက် အသုံးပြုနည်းနှင့် ဆိုင်သော အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ဆွေးနွေးပွဲမှာတော့ ရေသန့်စက်ရဲ့ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံ၊ သန့်ရှင်းမှုထိရောက်စေရန်လိုက်နာရမယ့် နည်းလမ်းများနှင့် သန့်စင်ထားတဲ့ရေကို သေချာစွာသုံးစွဲရန် လိုအပ်ချက်များကို အသေးစိတ်ပြောကြားပေးခဲ့ကြောင်းသိရပါသည်။
Alkamag Company ရဲ့ကိုယ်စားလှယ်များကလည်း ရေသန့်စက်အသုံးပြုခြင်းရဲ့အကျိုးကျေးဇူးများနှင့် သန့်ရှင်းတဲ့ရေသုံးစွဲဖို့အရေးကြီးမှုတွေကိုလည်းထပ်မံဆွေးနွေးပေးခဲ့ကြောင်းသိရပါတသည်။
“ရေဆိုတာ ခန္ဓာကိုယ် ရဲ့ ဖွဲ့စည်းမှုတစ်ခုပါ ဒါကြောင့်နေ့စဉ်သောက်နေတဲ့ ရေကသန့်ရှင်းနေဖို့လိုပါတယ် နေ့စဉ်အသက်ရှင်နေထိုင်မှုဖြစ်စဉ်မှာ ကျမတို့ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေ ဘယ်လောက်ဆုံးရှုံးပြီးပြီလဲ အဲဒီဆုံးရှူံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ လုံလောက်တဲ့ရေပမာဏ သောက်ဖို့လိုအပ်သလို သန့်ရှင်းဖို့လည်းလိုအပ်ပါတယ်လို့”ALKAMAG company မှကိုယ်စားလှယ်တဦးကဆိုထားပါသည်။
အသိပညာပေးပွဲကိုတော့ ဒေသခံပြည်သူများ ကျန်းမာရေးဝန်ထမ်းများနှင့် Alkamag company မှကိုယ်စားလှယ် နှင့် ဝန်ထမ်းများကတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။