ကျောက်တလုံးကြီးမြို့ မဟာဒုဂ်စာရေးတံ မဲချလှူဒါန်းပွဲ

fotojet (18)

6093806261238876268

6093806261238876266
ဩဂုတ် ၆ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ နောင်လုံကျောင်းဆရာတော်ဦးဆောင်ပြီးဒါယကာ/ဒါယိကာမများစုပေါင်းအားဖြင့် ဒုတိယအကြိမ် မဟာဒုဂ် စာရေးတံမဲပွဲကို 6.8.2025 ဝါခေါင်လဆန်း(၁၂) ဗုဒ္ဓဟူးနေ့တွင် ကျင်းပလောင်းလှူခဲ့သည်။
6093806261238876269

6093806261238876267
၎င်းစာရေးတံမဲချလှူဒါန်းရာ၌
ဘုရားဆင်းတုတော် ၂ဆူနှင့် ရဟန်းတော်/ရှင်သာမဏေစုစုပေါင်း ၂၆၅ ပါးကို နောင်လုံမူလပရိယတ္တိစာသင်တိုက်သို့ပင့်ဆောင်ပြီး စာရေးတံမဲများလှူဒါန်းခဲ့ပါသည်။
6093806261238876272

6093806261238876271
ထို့နောက် စာရေးတံမဲချပွဲ၌ အိမ်ထောင်စုပေါင်း ၁၆၉ အိမ်မှ မိမိတို့မဲကျရာ ရဟန်း/သာမဏေများကို အိမ်သို့ပင့်ဆောင်၍ ဆွေတော်မျိုးတော်များနှင့်စုပေါင်းကာ နဝကမ္မနှင့်တကွ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း တရားတော်များနာကြားခြင်း ရေစက်ချအမျှပေးဝေခြင်းဖြင့် ကောင်းမှုကုသိုလ်များ ပြုခဲ့ကြပါသည်။
6093806261238876273

6093806261238876274
ဤသို့စာရေးတံမဲလှူခြင်းသည် ဘုရားရှင်လက်ထက်ကပင် ပင့်ဆောင်လှူဒါန်းခဲ့ကြပြီး ယနေ့လက်ရှိကာလထိတိုင် ဗုဒ္ဓမြတ်စွာဘုရားအဆုံးအမကို သက်ဝင်ယုံကြည်လိုက်နာသည့် ဗုဒ္ဓဘာသာဝင်များက အခါအခွင့်အားလျော်စွာ မဲချလှူဒါန်းလျက်ရှိနေဆဲဖြစ်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top