စက်တင်ဘာ (၁၂) ၊ ၂၀၂၅
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြိုတွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။
ကလောမြို ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ရပ်ကွက်(၁၀)ဘက် အဘွားအိမ်သို သွားနေစဉ် လမ်း၌ ပျောက်ဆုံးသွားကာ ယနေ့ (စက်တင်ဘာ ၁၀ ရက်)အထိ အဆက်အသွယ် မရရှိသေးခြင်းကြောင့် စိုးရိမ်ပူပန်နေရကြောင်း မိသားစုဝင်နှင့်နီးစပ်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဘွားအိမ် သွားမယ်ဆိုပြီး လမ်းမှာ ပျောက်သွားတာ၊ သုံးရက်ရှိပြီ အဆက်အသွယ် မရသေးဘူး။ သမီးက အခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ ကောင်လေးနောက် လိုက်မယ်ဆိုရင် မှတ်ပုံတင်တွေ တခြား သူလိုအပ်တာတွေ ကြိုပြင်ဆင်ပြီး ယူသွားမှာ၊ အခုတော့ သူ့မှာ ဖုန်းလေးတစ်လုံးပဲ ပါသွားတာ။ ကောင်လေးနောက် လိုက်သွားတာတော့ မဟုတ်လောက်ဘူး။ တစ်ယောက်ယောက်က အတင်းခေါ်သွားတာလား မသိဘူး” ဟု အဆိုပါ မိသားစုဝင် တစ်ဦးက ပြောသည်။
သုံးရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် မယွန်းအိထွေးသည် ကလောမြို၌ ဘာသာရေးကျောင်း တက်နေသူဖြစ်ပြီး အနေအေးသူလည်း ဖြစ်ကာ ယခုကဲ့သို ရုတ်တရက် ပျောက်ဆုံးသွားမှုကြောင့် မိဘများက စိုးရိမ်နေကြပြီး ကလောမြိုရဲစခန်းနှင့် အောင်ပန်းမြို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။
ထိုသို ကလေးများနှင့် အမျိုးသမီးငယ်များ မကြာခဏ ပျောက်ဆုံးမှုများ ရှိနေပြီး ကလေးများကို သေချာဂရုစိုက်သင့်ကြောင်း၊ ပြန်ပေးဆွဲသူများအပြင် ပေါ်တာဆွဲမှုများပါ ရှိလာနေကြောင်း ကလောဒေသခံ အသက် ၂၅ နှစ် ကျော်အရွယ် အမျိုးသမီးက ပြောပါတယ်။