ကလောမြိုနယ်(ပင်းတယ၊ရွာငံ)ပအိုဝ်းလူငယ်အဖွဲ၊ မြို့နယ်အဆင့်အလုပ်အမှု‌ဆောင်ကော်မတီ နှင့် ဒေသအလုပ်အမှုဆောင်များ ပြန်လည်ဖွဲစည်း

fotojet (21)

photo 2025 09 19 11 36 57

photo 2025 09 19 11 36 55

photo 2025 09 19 11 36 54

photo 2025 09 19 11 36 52

photo 2025 09 19 11 36 50

photo 2025 09 19 11 36 49

စက်တင်ဘာ (၁၉) ၊ ၂၀၂၅

ကလောမြိုနယ်(ပင်းတယ၊ရွာငံ)ပအိုဝ်ႏလူငယ်အဖွဲ KPYO၊ မြိုနယ်ကော်မတီနှင့် မြိုနယ်အလုပ်အမှုဆောင် ဒေသအဆင့်အလုပ်အမှုဆောင်များ ပြန်လည်မွမ်းမံ ဖွဲစည်းခြင်း အခမ်းအနားကို ဒီကနေ့စက်တင်ဘာ (၁၈)ရက်၊ ကြာသပတေးနေ့ ကလောမြိုနယ် ပင်မှီဒေသ ထီအွီႏဘုန်းကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကလောမြိုနယ်(ပင်းတယ၊ရွာငံ)ပအိုဝ်ႏလူငယ်အဖွဲနာယက ကလောမြိုမဆရာတော်‌ဗွေဝိမလသာရမှဩဝါဒချီးမြင့်ပေးခြင်း ကလောမြိုနယ်(ရွာငံ၊ပင်းတယ)ပအိုဝ်းလူငယ်ဥက္ကဌ ခွန်ထွိက်ခမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ တက်ရောက်လာသော ကျေးရွာတာဝန်ခံအုပ်စုတာဝန်ခံနှင့် ရပ်ကွက်‌ ဒေသအလိုက်မှ မြိုနယ်အဆင့် မြိုနယ်ကော်မီတီနှင့် မြိုနယ်အလုပ်အမှုအဆောင်များကို ရွှေးချယ်တင်မြှောက်ခဲ့ပါသည်။

ယနေ့တက်‌ ရောက်လာသောလူငယ်ကိုယ်စားလှယ်များမှ မဲပေးရွေးချယ်စနစ်ဖြင့်ပြန်လည်ဖွဲစည်းသော ကလောမြိုနယ် (ပင်းတယ၊ရွာငံ)ပအိုဝ်းလူငယ်အဖွဲ မြိုနယ်အလုပ်အမှုဆောင်တွင် ဥက္ကဌအဖြစ် ခွန်ကျော်ဇော အတွင်းရေးမူးအဖြစ်ခွန်သန်းအောင်တိုကိုတင်မြောက်ကြပြီး ဆရာတော်(၁၇)ပါးနှင့်ယခင် ပအိုဝ်းလူငယ်ဥက္ကဌ ခွန်ထွိက်ခမ်း နှင့် ယခင်ပအိုဝ်းလူငယ်အဖွဲဝင်ခွန်ချမ်းသာ ခွန်ယံလေအောင်ႏတိုကို ဦးဆောင်နာယကအဖြစ်တင်မြောက်ခဲ့ကြကြောင်း စန္တားခမ်းနီယိုမီဒီယာ သတင်းဌာန ခွန်ထွိက်ခမ်းထံမှ သိရပါသည် ။

photo 2025 09 19 11 36 47

photo 2025 09 19 11 36 45

photo 2025 09 19 11 36 43

photo 2025 09 19 11 36 41

photo 2025 09 19 11 36 39

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top