သြဂုတ်လ(၂၆)ရက်၊၂၀၂၅။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊ နမ်းတုတ်- လုံးပဲဉ် ကျေးရွာ အုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် နေ့လည်(၁)နာရီအချိန်ခန့် တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သွပ်မိုးနှင့်မျက်နှာကျက်များ ပျက်စီးခဲ့ရကြောင်း သိရှိရပါသည်။
အဆိုပါ ပျက်စီးသွားသော ကျောင်းသည် (၁၂-၈-၂ဝ၂၅) ရက်နေ့မှ အချိန်နှောင်းစတင်ဖွင့် လှစ်ခဲ့ရာ ယနေ့သြဂုတ်လ(၂၆)ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းကြောင့် အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ၄င်းကျောင်းသည် ကျောင်းသားဦးရေ (၁၅၀)ခန့်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်လျှက်ရှိရာ သက်ဆိုင်ရာမြို့နယ်ပညာရေးဌာနနှင့် လူမှု့ကူညီရေးအသင်းများ ထံမှ အကူညီတောင်းခံအပ်ပါသည်။
အကူအညီတောင်းခံသူများ
ဗန်းမောက်ကျေးရွာကျောင်းကော်မတီများနှင့် ရပ်မိရပ်ဖများ။
ဓာတ်ပုံႏဆရာႏ
ခွန်ခမ်းသွောင်း