ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျောက်တလုံး)မှာ သြဂုတ်လ (၂၅)ရက်နေ့ တနလ်ာနေ့က ကျောင်းနေကလေးများ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။
“ကျန်းမာမှဆည်းကပ်နိုင်မည် “ဆိုတဲ့စကားအတိုင်း ဒီကလေးတွေကျန်းမာမှသာ သူတို့သင်ယူရမယ့်ပညာတွေတတ်မြောက်နိုင်ရုံသာမကရပ်ရွာဒေသနှင့်တိုင်းပြည်တိုးတက်ဖို့အတွက်အရေးပါတဲ့လူငယ်တွေဖြစ်တဲ့အတွက် သူတို့လေးတွေကျန်းမာဖို့က အရေးကြီးကြောင်း အခြေခံပညာအထက်တန်းကျောင်းရှိဆရာမတစ်ဦးကဆိုထားပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းကျန်းမာရေးဌာနနှင့်ကြက်ခြေနီအသင်းတို့က ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးနှင့်ပတ်သက်တဲ့အသိပညာလည်းဟောပြောပေးခဲ့ကြောင်းသိရပါသည်။