ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ကို ဖြားတန်ခွန်မောင်တုတ် ဆွတ်ခူးရရှိ

fotojet (64)

6142956569894176432

6142956569894176426
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၂) ရက်နေ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပသော (၃၁)ကြိမ်မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။
6142956569894176430

6142956569894176449
အဆိုပါ စာပေဆုပေးပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟို နာယကဟောင်း ဖြစ်သော ဖြားတန်ခွန်မောင်တုတ် က “ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး” စာအုပ်ဖြင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ စာအုပ်ကို အရှင်မဟောသဓ (ကျောက်တလုံးကြီးမြို့၊ နောင်လုံပရိယတ္တိစာသင်တိုက်) နှင့်အဖွဲ့မှ စီစဉ်သူအဖြစ် ၂၀၁၈-ခုနှစ်၊ ဖော်ဖော်ဝါရီလမှာ ပထမအကြိမ်အဖြစ် အုပ်ရေ (၁၀,၀၀၀) ဖြင့် ရေးသားထုတ်ဝေခဲ့တာဖြစ်ပါသည်။
6142956569894176450

6142956569894176427
ဖြားတန်ခွန်မောင်တုတ်ဟာ ပအိုဝ်းဒေသငြိမ်းချမ်းရေးကိုမြတ်နိုးတန်ဖိုးထားသူပီပီ ငြိမ်းချမ်းရေးအတွက် ငယ်ရွယ်စဉ်မှ မကွယ်လွန်ခင်အထိ ဦးစီးဦးဆောင်ပေးခဲ့သည့်အပြင် ပအိုဝ်းအမျိုးသားရေးစာပေများကို စဉ်ဆက်မပြတ်ရေသားပြုစုခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟို နာယကအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ(၂၃) ရက်တွင် တောင်ကြီးမြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်။
6142956569894176498

6142956569894176453

6142956569894176430
ထို့ကြောင့် ယနေ့ပေးအပ်သည့်အဆိုပါ ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုကို ဖြားတန်ခွန်မောင်တုတ် ၏ သား၊ သမီးများမှ ကိုယ်စားတက်ရောက်လက်ခံရယူပေးခဲ့ကြောင်းသိရှိပါသည်။
6142956569894176440
Credit
#ဖြားတန်ခွန်မောင်တုတ်
#ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီနိုင်ငံရေးခရီး
#စာပေဆု

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top