ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စု အရှေ့တောင်ဖက်ရှိကျေးရွာများနှင့်နောင်ထော်ကျေးရွာတို့ဟာ လွန်ခဲ့သည့် ၂၀၂၄ ၈လပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရွာသူရွာသားများက ဆီဆိုင်မွေတော်ဘုရားကွင်းသို့ စစ်ရှောင်နေခဲ့ကြရကြောင်းသိရပါသည်။
၂၀၂၅ ဩဂုတ်လ ၁၁ ရက်နေ့တွင် စစ်ဘေးရှောင်ရွာသူရွာသားများအတွက် နိုင်ငံခြားရောက်ပအိုဝ်းလူငယ်များက ဝိုင်းဝန်းစုပေါင်း၍ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။