တို့ပအိုဝ်းလား
တိုင်းရင်းသားမဟုတ်ဘူး
ပအိုဝ်းမျိုးနွယ်စုပါ။
တိုင်းရင်းသား လို့ ကြုံးပြီး
သမိုင်းထဲကလို အဖိနိပ်ခံဘဝပြန်မရောက်ချင်ဘူး။
ပအိုဝ်းဆိုတာလည်း
တစ်အိုဝ်းပဲ ရှိစေရမယ်။
ပအိုဝ်းဖြစ်ရတာ မျက်နှာငယ်တယ်
ဆိုတဲ့ရှိပေမယ့် ပအိုဝ်းလူမျိုးဖြစ်ရတာ
ကံကောင်းတယ်လို့ ကျွန်တော်ထင်တယ်။
ဘာလို့လဲဆိုတော့
ပအိုဝ်းစာပေ လေ့လာတဲ့နေရာမှာ
မတွင်ကျယ်ပေမယ့်
ပအိုဝ်းစာလုံး ဗျည်းနဲ့သရ ဟာ ကမ္ဘာပေါ်ရှိသမျှ
လူမျိုးတိုင်းရဲ့ စကားသံကို စာလုံးပေါင်းအသံထွက်
ရွတ်လို့ရတယ်။
ဒါကြောင့် ပအိုပ်းစာပေကိုတန်ဖိုးထားတယ်။
ပအိုဝ်းစကား ပြောရင် ရှက်တယ်
ဆိုတဲ့လူတွေရှိတယ်။
ကျွန်တော်အတွက်တော့ ပအိုဝ်းစကားပြောရတာ
ချိုသာတယ်၊ ယဉ်ကျေးတယ်။
ဒါကြောင့် ပအိုဝ်းစကားကို အလေးထားတယ်။
တချို့တွေက ပအိုဝ်းဝတ်စုံဝတ်ရတာ
ပူတယ်အိုက်တယ်၊ လူကြားသူကြား
သွားလာရတာ မျက်နှာငယ်ရတယ်တဲ့
ကျွန်တော်ကတော့ ပအိုဝ်းဝတ်စုံဝတ်ရတာ
ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်။
အဝတ်က အနက်ရောင်ဆိုပေမယ့်
စိတ်ထားက ရဟန်းလိုဖြူစင်တယ် မယုံမရှိနဲ့။
ကျီးကန်းဆိုပြီး အထင်မသေးနဲ့
ကျီးကန်ဆိုတာ ဗျိုင်းဥ ဒေါင်းဥတွေကို
ချီတတ်တယ်ဆိုတာ မမေ့နဲ့
မြေဖြူဆိုတာည်း ကျောင်းသင်ပုန်း ပေါ်ရေးမှ
ထင်တယ်ဆိုတာ သဘောပေါက်။
ပအိုဝ်း လူမျိုးဖြစ်ရတာ
ဘုန်းကံနမ့်တယ်လို့မထင်လိုက်နဲ့
ဘာသာတရားကိုင်းရိုင်းတဲ့ ပအိုဝ်းလူမျိုးစု
တွေဟာ ဘုရားရှင်နဲ့ အနီးဆုံးဆိုတာ မမေ့နဲ့။
မယုံရင် ( ) တို့နာမည်ဘာကြောင့် တ တ တ
လို့ပါတာလဲ ဗုဒ္ဓဝင်မှာလေ့လာလိုက်။
နောက်တစ်ခု ဘုရှင်း မြန်မာနိုင်ငံမှာ (၇)တိတိ
ကိုယ်တော်တိုင် ကြွရောက်ရခြင်းဟာ
သာသနာ ပြန့်ပွားစေမယ့် သူရိယစန္တာမင်း
ဆိုတဲ့ ပအိုဝ်းဘုရင်ဆီကြွရောက်တယ်ဆိုတာ
သမိုင်းမှာလေ့လာကြည့် ။
နောက်တစ် ပအိုဝ်း မနူဟာ မင်းဆက်မပြိုကွဲခင်မှာ
နယ်အြေၒမဘယ်ဘောက်ကျယ်ပြန့်သလဲဆိုတာ
မွန်သမိုင်းမှာ လေ့လာကြည့်လိုက်
ရူးတောင်သွားဦးမယ်။
တိုင်းရင်းသားလို့ အမည်တပ်ထားတဲ့
လူမျိုးစုတွေဟာ ပအိုဝ်းလူမျိုးဆိုတာ သမိုင်းမရှိ
တဲ့လူ မျိုးလို့ထင်ကောင်းထင်လိမ့်မယ်
မွန်ဗမာ သမိုင်းမရေးထိုးခင်မှာ
လူစိတ်မရှိတဲ့ သမိုင်းပညာရှင်တွေ
ဖုံးကွယ် မြုပ်ထားတယ်ဆိုတာ
သထုံပြည်ကြီးခေါ်တဲ့ သုဝဏ္ဏဘူမိ
ပြည်ကို ကိုင်တိုင်ကျကျ လေ့လာရင်
လက်ခံနိုင်လိမ့်မယ်။
နောက်တစ်ခု ဒီကနေ့သမိုင်းထဲက
အနော်ရထာ နှင့် မနူဟာ မင်းတို့ ကောင်းကောင်း
မွန်မွန် ငြိမ်းချမ်းရေးယူပြီ ဆိုတဲ့အဆိုဟာ
သမိုင်းအမှားသာဖြစ်တယ်။
မယုံရင် ပုဂံမှာ မနူဟာဘုရားဘာကြောင့်
တည်ထားတယ်၊ မိတ္ထီလာဆည်ကြီး ဘာကြောင့်
တူးဖော်ထားတယ်၊ မနူဟာသပိတ်ကြီး
ဘာကြောင့် လှူထားတယ်ဆိုတာ သမိုင်းထဲကအမှန်ကိုရှာဖွေကြည့်ပါ။ ပအိုဝ်းဘူမျိုးတွေအတွက်
ရင်နာစရာကောင်းတာတွေ တွေ့ရလိမ့်မယ်။
မနူဟာဘုရား မနူဟာတည်ခဲ့တဲ့သပိတ်ကြီး
နဲ့အတူ အနော်ရထာ မင်းဆီ ကျိန်ဆိုထားသော
ကတိသစ္စာ နောင်အနှစ်၉၀ ဝန်းကျင်မှာ
ပအိုဝ်းဘူမျိုး ကမ္ဘာမှာ ထင်ရှားလာမယ်ဆိုတဲ့
ကျိန်စာ ပြန်ပေါ်လာမယ်ဆိုတာ
အာမခံနိုင်တယ်။
ဒါကြောင့် ပအိုဝ်းတို့ရေ
ပအိုဝ်းမျိုးနွယ်စု ကမ္ဘာတည်သရွေ့
မျိုးမသုန်းသွားဘူးဆိုတာ
သက်သေပြဖို့ အချိန်တန်ပြီ။
ကိုယ်တိုင်ထကြလော့…။
ကိုယ်တိုင်နှိုးဆော်ကြလော့…။
ကိုယ်တိုင်ကြိုးစားကြလော့…။
ပအိုဝ်းသမိုင်းအစစ်မှန်ကို ဖော်ထုတ်ကြလော့…။
အမျိုးတို့ရေ…
ပအိုဝ်းဘူးမျိုးကိုချစရင်
ပအိုဝ်းသမိုင်းကို တန်ဖိုးထားပါ၊
ပအိုဝ်းစာပေ ထိန်းသိမ်းပေးပါ။
ပအိုဝ်းစကားပြောခြင်းနဲ့ ထိန်းသိမ်းကြပါ။
ပအိုဝ်းဝတ်စုံဝတ်ကြပါ။
ငါတို့ထုံးစဉ် ငါတို့လိုက်ရမည်။
ငါတို့ ထုံးစံ ငါတို့ထိန်းသိမ်းစောင့်ရှောက်ရမည်။
ဘိုးဘွားဘေးဘီဘင် ဘောင်ဘေ မျိုးအဆက်ဆက်
ချန်ထားခဲ့သော အမွေအနှစ်ကို မပျော်ကပျက်
ထိန်းသိမ်းရမည်။
ငါတို့သမိုင်း ငါတို့မရိုင်းစေဖို့
တို့ဘူမျိုးသမိုင်းကို နောင်မျိုးဆက်တို့ဆီ
လက်ကမ်းခြင်းဖြင့် ထိန်းသိမ်းကြမည်။
ငါတို့ထုံးစံ ငါတို့မထိန်းသိမ်းရင်
ဘယ်သူဘယလူမျိုး ထိန်းသိမ်းပေးမလဲ
ငါတို့ စပေ ငါတို့မရေး မထိန်းသိမ်းရင်
ဘယ်သူ ဘယ်လူမျိုး ထိန်းသိမ်းမလဲ
ငါတို့ ရိုးရာဝတ်စုံ ငါတို့မဝတ်ရင်
ဘယ်သူဘယ်လူမျိုးက ဝတ်မလဲ
အားလုံးက ငါတို့ပခုံးပေါ်မှာ
တာဝန်ကျရောက်လာပြီမို့ တို့ပအိုဝ်းအတွက်
တာဝန်ကျေကြလော့…။
_____________________________
အခြားသော လူမျိုးစုအပေါ် ထိခိုက်လိုသော
စေတနာတစ်စိတ်တစ်မျှပ်မျှမပါပါ။
ကွယ်ပျောက်သွားသော မိမိလူမျိုးသမိုင်း
အမှန်ကို ပြန်လည်ဖော်ထုတ်ချင်ရုံသာဖြစ်ပါတယ်။
သမိုင်းကို ထိန်းသိမ်းရမည်မှာ စာရေးသူတစ်ဦး
တာဝန်အပြည့်လည်း ပါပါတယ်။
_________________________________
ဖဝတွိုင် ဖဝတွိုင် ယံကသဲင်ထွာဒျာၒသွော့
ပအိုဝ်ၒလိုမျိုသြ။
ဖဝတွိုင် ဖဝတွိုင် ယံကသဲင်ဆောင်ၒရွက်ဗာၒ
သွော့ ပအိုဝ်ၒလိုမျို အကျိုသြ။
တဲမ်းမန်းနေတဲင် စွ့ခွင်ဖေၒဗဲင်း ခွေသွဉ်းသြ
ဘဝဆက်တိုင်း ပအိုဝ်းဖြစ်ရပါလို၏
ပအိုဝ်းလူမျိုးအကျိုး သယ်ပိုး ဆောင်ရွက်
ရပါလို၏။
ပန်းပျိုးလက် (ကဝ်ၒဆွို့သား)
လာဝါၒဆိုၒဗွေ ၂၃.၇.၂၀၂၁
သောကျာၒနီ
ပအိုဝ်းဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါ
