လွယ်ပန်းစုံ ဒေသခံပြည်သူများဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ

fotojet (2)

ဇူလိုင် (၃၀)ရက်၊ ၂၀၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု၊ လွယ်ပန်းစုံကျေးရွာမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၃၀)ရက်နေ့ ဒေသခံပြည်သူလူထုများက ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တာဝန်ရှိသူများကို ဖိတ်ကြားခဲ့ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်

ရှေးဦးစွာ လွယ်ပန်းစုံကျောင်းထိုင်ဆရာတော်အား ကန္တော့ကြပြီး ဆရာတော်ထံ ငါးပါးသီလနှင့် ဩဝါဒများ ခံယူခဲ့ကြပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA) တာဝန်ရှိသူတစ်ဦးက ပြည်သူလူထုများအတွက် လုံခြုံရေးကိစ္စဆောင်ရွက်ထားသည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပါသည် ။

ဒေသခံပြည်သူလူထု တစ်ဦးကလည်း ရပ်ရေးရွာရေးကိစ္စတွေကို လွတ်လွတ်လပ်လပ်မလုပ်ခဲ့ရတာ (၄)နှစ်ကြာပြီဖြစ်ကြောင်း စားဝတ်နေရေးကိစ္စတွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့အကြောင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး၊ ဘာသာရေး စတဲ့ကဏ္ဍစုံ ကိစ္စတွေကို မဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် စိုက်ပျိုးရေးတွေ မလုပ်ရလို့ စားဝတ်နေရေးကိစ္စမှာ အလွန်ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့ပါသည် ။

ဒေသခံပြည်သူလူထုများနှင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးကြရင်း ညနေ (၂)နာရီအချိန်တွင် လူထုတွေ့ဆုံခြင်းအခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည် ။

အဆိုပါလူထုတွေ့ဆုံခြင်းအခမ်းအနားကို ကျောင်းထိုင်ဆရာတော်နှင့်လွယ်ပန်းစုံဒေသခံပြည်သူလူထုများ၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည် ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top