
နိုဝင်ဘာ (၂၃)ရက်၊ ၂၀၂၅
ခွန်ဝင်းဇော်သည် လက်ရှိကျင်းပနေတဲ့ 2026 AFC U-17 အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး နိုဝင်ဘာ (၂၂)ရက်နေ့ အဖဂန်နစ္စတန်အသင်းကို အနိုင်ရရှိခဲ့သော ပွဲဦးထွက်မှာ ပအိုဝ်းတိုင်းရင်းသားဖြစ်သူ ခွန်ဝင်းဇော်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ကြောင်းသိရပါသည်။

ကျောနံပါတ်(၁၅)အဖြစ် ညာနောက်ခံလူနေရာမှာ ပါဝင်ကစားပြီး ကွင်းလယ်နှင့်တိုက်စစ်အတွက်လည်း အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ် ခွန်ဝင်းဇော်သည် ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ ဇာတိဖြစ်ပြီး မန္တလေး လူငယ်ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသည့် U-17 လက်ရွေးစင်တစ်ဦးဖြစ်ကြောင်းသိရပါသည်။

လာမည့် နိုဝင်ဘာ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်မှာ မြန်မာ U-17ဟာ နီပေါ U-17 အသင်းနှင့် ဒုတိယမြောက် ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါသည်။

Email – niyomedia839@gmail.com
#နီယိုသတင်းဌာန
#niyomedia
Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1…
website – https://niyomedia.org/
Telegram – https://t.me/niyomedia
YouTube – https://www.youtube.com/@niyomedia14
နီယိုမီဒီယာ သတင်းဌာန
2026 AFC U-17 အာရှဖလား ခြေစစ်ပွဲမှာ ခြေစွမ်းပြနေတဲ့ ပအိုဝ်းတိုင်းရင်းသား ကျောနံပါတ်(၁၅) ခွန်ဝင်းဇော်


