ဩဂုတ်(၂၇)၊၂၀၂၅။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကန်ခေါင်းကျေးရွာမှာ ဩဂုတ်လ ၂၆ရက်၊ ညနေပိုင်းအချိန်ကလေပြင်းပြင်းထန်ထန်တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ခေါင်မိုးလန်ကာပျက်စီးမှုများ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေစီကနေ သိရပါသည်။
ကန်ခေါင်းကျေးရွာကတော့ အိမ်ခြေပေါင်း ၁၈၀ကျော်ရှိပြီး အဆောက်အဦးပေါင်း ၃၀ထက်မနည်း ပျက်စီးခဲ့ကာ ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း အင်အားပြင်းငလျင်ဒဏ်ထိထားတဲ့ကျေးရွာဖြစ်တယ်လို့သိရပါသည်။
ကျန်တဲ့အင်းလေဒေသတော်တော်များမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေအမိုးလန်တာတွေရှိပါတယ်အပေါ်ကသွပ်ကွာ၊အောက်ကရေမြုပ်နဲ့ မကြာသေးခင်ကမှ အလှူရှင်လှူထားတဲ့အိမ်လေးတွေလည်း အမိုးတစ်ခုမှမကျန်အောင်ကွာသွားပါတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါသည်။
အင်းလေးဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာလည်း ရေကြီး နစ်မြုပ်ဘေး နဲ့ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ် မတ်လမှာ ငလျင်ဘေး ၊ ဇူလိုင်လနဲ့ ဩဂုတ်လမှာရေကြီးနစ်မြုပ်တဲ့ ဘေးတွေနဲ့ဆက်လက် ကြုံတွေ့ခဲ့ရတာဖြစ်ပါသည်။