ဩဂုတ်လ ၂၄ရက်၊ ၂၀၂၅ခုနှစ်
——————————————
မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲပထမအဆင့်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင့် ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါသည်။
ထို့ကြောင့်ပြည်သူများအနေဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များသဘောပေါက်နားလည်နိုင်ဖို့ရည်ရွယ်ပြီးရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်မှီကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲ ပင်မှီဈေးကုန်းကျောင်းဝန်း၌ ယနေ့နံနက်၉နာရီအချိန်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုနည်းလက်တွေ့ပညာပေးနှင့်စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင့် သိရသည်။
အဆိုပါအခမ်းအနားသို့ ပင်မှီကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာအုပ်စု၊ ငုတ်ကျေးရွာအုပ်စု ငုံးသုံကျေးရွာအုပ်စုစသည့် ကျေးရွာအုပ်စု(၄)ခုမှ လူဦးရေ (၃၀၀၀)ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တာဝန်ရှိသူများမှ အီလက်ထရောနစ်မဲပေးစက်အသုံးပြုပုံကို တက်ရောက်လာသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်စေခဲ့ကြောင့်သိရှိရပါသည်။ ယခုလိုလက်တွေ့ပညာပေးအခမ်းအနားကျင်းပပေးခြင်းကြောင်း ပြည်သူများအနေဖြင့် အီလက်ထရောနစ်မဲပေးခြင်းစနစ်ကို ပို၍သဘောပေါက် နားလည်လာခဲ့ကြောင်းသိရှိရပါသည်။