4.8.2025 ဩဂုတ်လ
ဝါခေါင်လဆန်း ၁၁ ရက် တနင်္လာနေ့
ရှမ်းပြည်နယ်တောင်ပိုင်း
အောင်ပန်းမြို့နယ် ပင်မှီကျေး
ရွာအုပ်စု၊မြင်သေရွာနေ အမျိုးသားတစ်ဦးသည် နေ့လယ်12 နာရီအချိန်ခန့်တွင်
ခြံထဲ၌ နွားစာအတွက် မြက်ရိတ်နေစဉ် အနောက်ဘက်ခြေဖနှောင့်အပေါ် မြွေပေါက်ခံရပြီး ၎င်းအမျိုးသားအား ရွာခံလူတချို့မှ အောင်ပန်းတိုက်နယ်ဆေးရုံသို့ခေါ်ဆောင်လာခဲ့သော်လည်း ယင်းမှတဆင့် ကလောအရေးပေါ်ဆေးရုံသို့ လွှဲပြောင်းခဲ့ပေးရပြီး
လူနာအမျိုးသားက ကလောပြည်သူ့ဆေးရုံမှာ
ကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
မိုးကောင်းပြီိး ခြုံနွယ်မြက်များထူထပ်သောမိုးရာသီမှာ မိမိတို့နေထိုင်ရာ အိမ်ဝင်းထဲ၌သော်လည်းကောင်း တောတောင်ထဲ၌သော်လည်းကောင်း ဘွတ်ဖိနပ်များစီးပြီးမှသာ သတိကြီိးကြီးဖြင့် သွားလာသင့်ပါသည်။
မြက်ရိတ်စဉ် အမျိုးသားတစ်ဦး ပိုးထိခံရ
