ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ပင်သာကျေးရွာတွင် ဩဂုတ် ၂၂ ရက်နေ့မှာ ပင်လောင်းအာလူးအစုအဖွဲ့ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့တယ်လို့သိရပါသည်။
အဆိုပါ အာလူးအစုအဖွဲ့ကို အလုပ်အမှုဆောင် (၂၅)ဦးနဲ့ အဖွဲ့ဝင် (၃၅)ဦးဖြင့်အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး၊ ပင်သာ၊ ကဒွတ်ကုန်း၊ ဆောင်းဆီး၊ ထာမော့၊ ထီနားကောင်း၊ ဒင်တီး၊ ဖြူးရှား နှင့်ဆက်စပ် ပင်လောင်းနယ်ရှိ ကျေးရွာ (၁၅)ရွာကိုအခြေခံပြီးအာလူးစိုက်တောင်သူအိမ်ထောင်စု (၁၀၀၀)ကျော် မိုးကြိုအာလူး၊ စကအာလူး၊ ရေအာလူး ဟူ၍(၃)ကြိမ်စိုက်ပျိုးပြီး စုစုပေါင်း တစ်နှစ်လျှင် စိုက်ဧက (၇,၀၀၀)ခန့်စိုက်ပျိုးကြကြောင်း ထွက်ရှိသောအာလူးများကိုအဓိကတင်ပို့ရောင်းချတဲ့နေရာများမှာအောင်ပန်းမြို့ပြည်သာယာဈေး၊ အာလူးအကြော်ဖို၊စက်ရုံနှင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ တို့မှာအဓိကတင်ပို့သွားမှာဖြစ်ပါတယ်။ အာလူးမျိုးများအား နယ်သာလန်နှင့် တရုတ်နိုင်ငံမှတင်သွင်းစိုက်ပျိုးကြကာ အာလူးမျိုးများအား နောင်တရားအာလူးအအေးခန်းစက်ရုံတွင် သိုလှောင်ပြီး ထပ်မံစိုက်ပျိုးကြပါတယ်။
လက်ရှိမှာထွက်ရှိအာလူးများ ဈေးကွက်ထိန်းညှိရန်သော်လည်းကောင်း အာလူးမျိုးများထည့်ဝင် သိုလှောင်ရန် သော်လည်းကောင်း၊ တန် (၁,၀၀၀)ဆန့် အာလူးအအေးခန်းတည်ဆောက်ရန်အတွက် ရည်းမှန်းချက်ထားရှိကာ တောင်သူစုဖွဲ့လုပ်ငန်းအစုရှယ်ယာများစုဆောင်းပြီးအစုအဖွဲ့မှ ဦးဆောင်ဆောင်ရွက်နိုင်ရန် အတွက်
တောင်သူများမှစုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်လို့ နောင်တရားအာလူးအအေးခန်းစက်ရုံ တာဝန်ခံ ခွန်ဆန်းဦးကဆိုပါသည်။