ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာမှာ တောင်ကျရေကြောင့် လူ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်ရရှိကြောင်းသိရပါသည်။
ဖြစ်စဉ်ကတော့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၂နာရီလူအိပ်ချိန်မှာ ရုတ်တရက်တောင်ပြိုပြီး တောင်ကျရေနှင့်အတူကျောက်တုံး၊သစ်တုံးနှင့်နွံများက လူနေအိမ်များတွင်းကိုဝင်ရောက်ပြီး အသက် ၂၀ ကျော် အမျိုးသားတဦးနှင့် အသက် ၆၀ကျော် အမျိုးတဦးတို့သေဆုံးခဲ့ရပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိကြောင်းသိရပါသည်။
အဲ့ဒီတောင်ကျရေကြောင့် ဧဒင်ကျေးရွာမှာ နေအိမ် ၁၃ လုံးပျက်စီးခဲ့ရကြောင်းသိရပါတယ်
တောင်ပေါ်ဒေသမှာရှိတဲ့ ဧဒင်ကျေးရွာ ရွာသူ/သားတွေဟာ မျှစ်ချိုးတဲ့အလုပ်ကိုသာလုပ်ကိုင်ကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် ဒေသခံတွေက ငွေကြေးအခက်အခဲကြုံနေကြောင်းလည်းသိရပါသည်။
တောင်ကျရေကြောင့် လူ(၂)ဦးသေဆုံး
