ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ရွာမှ ကျောင်းဆရာတာဝန် ထမ်းဆောင်နေသူ ဦးစိုးစိုးထက် နှင့် ခွန်သန်းဦ တို့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့သို့ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရန်အတွက် ထွက်ခွာခဲ့ကြသည်။
ထွက်ခွာသွားပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းတွင် ဟမ်းဆီးကျေးရွာအနီးသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ မိသားစုထံသို့ ဆက်သွယ်ကာ “ဆိုင်ကယ်ပြတ်သွားသည်” ဟု ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့ ၄ ရက်နေ့အထိ အဆက်အသွယ်ပြတ်နေပြီး မိသားစုဝင်များအနေဖြင့်အလွန်စိုးရိမ်နေကြပါသည်။
၄ ရက်နေ့ မနက်ပိုင်းတွင် ဖုန်းနှစ်လုံးလုံးသို့ ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း မည်သူမျှ မလက်ခံခဲ့ပါ။ ညနေပိုင်းတွင် ဆက်သွယ်မှုမှာ “ဖုန်းဧရိယာပြင်ပ” ဖြစ်သွားသည့်အပြင် “ဖုန်းနံပါတ်မှားယွင်းနေသည်” ဟု ပြသလာခဲ့သည်။
ထိုကြောင့် ဟမ်းဆီးကျေးရွာနှင့်နားနီးရာဒေသများတွင် သက်ဆိုင်သူနှစ်ဦးအားတွေ့ရှိသောသူများ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ချက်ချင်း ဆက်သွယ်ပေးရန် မိသားစုဝင်များအနေဖြင့် အထူးအပ်နှင်းလိုက်ပါသည်။
📞 ၀၉၆-၉၄၂၆-၅၉၂၃
📞 ၀၉၆-၇၇၆၉-၁၁၇၇
အသိပေးသူ – မိသားစုဝင်များ