ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ နန်းတုတ်ကျေးရွာအုပ်စု သမထကျေးရွာဟာလွန်ခဲ့တဲ့လပိုင်းလောက်က တိုက်ပွဲကြောင့် အမက သမထစာသင်ကျောင်းဝန်းကျင်မှာ မှိုင်းများကျန်ရှိနေသေးကြောင်းသိရပါသည်။
အဲ့ဒီကျန်ရှိနေတဲ့လက်ကျန်မှိုင်းတွေကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ/မ များနှင့် ကျောင်းတက်နေတဲ့ကျောင်းသူ/သားများအတွက် အန္တရယ်ဖြစ်စေနိုင်တဲ့အတွက်လက်ရှိမှာတော့ သမထကျေးရွာအတွင်းရှိ ခန်းမဆောင်မှာ ယာယီပြောင်းရွေ့ဖွင့်လှစ်သင်ယူနေကြရကြောင်းသိရပါသည်။
အမက သမထကျောင်းမှာ ဆရာ/မ ဝန်ထမ်း(၆)ဦးရှိပြီး ကျောင်းသား/သူ စုစုပေါင်း (၂၀)ကျော် ပညာသင်ယူနေကြကြောင်းသိရပါသည်။
လက်ကျန်မှိုင်းတွေကိုတာဝန်ရှိသူတွေက တတ်နိုင်သမျှအမြန်ရှင်းပေးနိုင်ဖို့ ဒေသခံတွေကမျှော်လင့်နေကြကြောင်း ကျေးရွာရှိဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ သိရပါသည်။