အောက်တိုဘာ(၂၂)ရက်၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သာသနာနှစ် ၂၅၆၉ ခုနှစ်၊ ကောဇာတက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက် နံနက် (၉)နာရီအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ꩻဖါအောင်ခမ်းထီတိုအား နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသား/ကျောင်းသူများက ကြိုဆိုခဲ့ကြပါသည် ။



ထိုနောက်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲ အတွက် အလှူငွေများကို နောင်တောင်းဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး နံနက် (၉)နာရီအချိန်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ပါသည်။




ထိုနောက် နာဂပုရသာသနာလင်္ကာရအသင်း ဥက္ကဌ ဖြစ်တော်မူသော ဟိုပုံးမြို တုံခမ်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တအာလောက မဟာသဒ္ဓမ္မဇောတိကဓဇ မဟာထေရ်ထံ ငါးပါးသီလခံယူပြီး ပင့်လျောက်ထားသည့်ဆရာတော်များကလည်း မေတ္တာပရိတ်တရားတော် ပိုသတော်မူခဲ့ကြပါတယ် ဆက်လက်ပြီး နာဂပုရသာသနာလင်္ကာရအသင်း ဩဝါဒါစရိယဖြစ်တော်မူသော တောင်ကြီးမြို၊ အေးစေတီပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တလက္ခဏသာမိဘိဝံသ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာထေရ်မှ ဩဝါဒကထာ ချီးမြင့်တော်မူပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးခွန်ရဲထွေးမှ သာသနာတော်ဆိုင်ရာကို လျောက်ထားခဲ့ပါသည်။




ဆက်လက်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီး နှင့် စင်မွိးဖျူႏ မိသားစုမှ ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းပြီး အလှူရှင်များကို နောင်တောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုကာ ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
ပဉ္စမကြိမ်မြောက် နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကျင်းပသော ပဉ္စမကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရသာမဏကျော်စာမေးပွဲကြီးကို တတိယဆင့် (၂၅၄)ပါး၊ ဒုတိယဆင့် (၈၁၂)ပါး၊ ပထမဆင့် (၁၇၉၈)ပါး၊ ဥပစာတန်း(၁၀၂)ပါး၊ မူလတန်း (၃၃၄)ပါး၊ စုစုပေါင်း (၃၃၀၀)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရပါသည်။


