စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အွိုင်းတရုဲင်၊ မြေနီပုံကင်ရွာတွင် စက်တင်ဘာလ (၈) ရက်နေ့၌ မိုးကြီးရေကြီး၍ လမ်းပန်းသွားလာရေးအဆင်မပြေမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးပြီးလမ်းပိတ်ကာ သွားလာရန်ခက်ခဲကြောင်းဒေသခံတစ်ဦးထံမှ သိရပါသည်။