=======================
ဩဂုတ်လ ၂ ရက် ၂၀၂၅၊ အထူးဒေသ(၆)
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီကနေ့ ဩဂုတ်လ ၂ ရက်၊ ပင်လောင်းမြို့နယ် လွယ်မောင်းရွာ မြေပြိုမှုများဖြစ်ပွားနေကြောင်း သိရသည်။
လွယ်မောင်း(ထီဝါးလီ)ရွာသည် ပင်လောင်းမြို့အနီး တောင်ပေါ်ရွာ ဖြစ်သောကြောင့် မြေထပ်မံပြိုကျမည်ကို ဒေသခံများ စိုးရိမ်နေကြပြီး အခုလက်ရှိတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ဘေးလွတ်ရာ ပြောင်းရွေ့ပေးရန် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် တောင်ပါ်ရွာ (လွယ်မောင်းရွာ) မြေပြိုမှုဖြစ်ပွား
