ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ တောင်ထီဗွာကျေးရွာအုပ်စုနန်းပန်းရွာမှာ ဖောင်တော်ဦးဘုရားပွဲတော်ကိုဘောလုံးပွဲနှင့်အတူကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။
ဘောလုံးပွဲကျင်းပမယ့်ကာလကတော့ ဩဂုတ်လ ၂၆ရက်နေ့မှ စက်တင်ဘာလ ၇ရက်နေ့အထိဖြစ်ပြီး စုစုပေါင်း အသင်း(၁၆)သင်းယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရပါသည်။
ဗိုလ်လုပွဲကိုတော့ စက်တင်ဘာလ (၇)ရက်နေ့မှာကျင်းပမည်ဖြစ်ပြီး တော်သလင်းလပြည့်နေ့လည်းဖြစ်တဲ့အတွက်ကြောင့် နန်းပန်းကျောင်းဒကာများအပေါင်းတို့ကဖောင်တော်ဦးဘုရားမှာ မနက်၄နာရီခန့်အချိန် ရှေးထုံးအစဥ်အလာအရဆွမ်းကပ်တရားတော်နာသွားမည်ဖြစ်ကြောင်းသိရပါသည်။အကြောင်းအမျိုးမျိုးကြောင့်ပွဲတော်မကျင်းပခဲ့ရတာ ၃နှစ်လောက်ရှိပြီလို့လည်း ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရသိရပါသည်။