ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ကျင်းပ

527787570 1156361089858298 3607115102174202167 n

ဩဂုတ်လ ၇ ရက်၊ ၂ဝ၂၅၊ တောင်ကြီး
518407587 1087766350166587 81576605384638397 n
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့ ဩဂုတ်လ၊ ၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ဒီကနေ့ပြုလုပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် နာယက ဖြားပီတာထွန်းနိုင်၊ ဖြားခွန်ချစ်မောင်၊ ဖြားခွန်လာ၊ ဥက္ကဌ ဖြားခွန်စံလွင်၊ ဒု-ဥက္ကဌ(၁) ဖြားခွန်ဝင်းကို၊ ဒု-ဥက္ကဌ(၂) ဖြားခွန်မောင်သောင်း၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် အတွင်းရေးမှူးအဖွဲ့များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ (၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီကနေ့ပြုလုပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် သတ္တမအကြိမ် ပြုလုပ်မည့် ညီလာခံကိစ္စရပ်များ၊ ပြင်ဆင်ဖြည့်စွက်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဖွဲ့စည်းပုံကိစ္စရပ်များ၊ ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဆက်လက်ကျင်းပပြုလုပ်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီ အစည်းအဝေးကိစ္စရပ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
527360200 1087766496833239 7317248500800472273 n

526662396 1087769683499587 2478569541005653755 n

528376023 1087766440166578 8280114660990836236 n

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top