ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စုအတွင်းရှိ စင်းတောင်းရွာနှင့် ဝါးလီးရွာကြား၌ ဇူလိုင်လ ၂၈ ရက်နေ့ တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းခြင်းဖြစ်ပေါ်လာခဲ့သည်။
ရေလွှမ်းမှုကြောင့် ကားနှင့် ဆိုင်ကယ်များ သွားလာရန် အခက်အခဲကြုံတွေ့ခဲ့ရပြီး၊ ဒေသခံပြည်သူများအနေဖြင့် သွားလာရေးအတွက် အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ်တွင်း လမ်းပန်းဆက်သွယ်ရေးအခြေအနေမမှန်မကန်ဖြစ်သွားပြီး ဒေသခံပြည်သူများအနေဖြင့်သွားလာမှုအတွက် အဆင်မပြေမှုများကြုံတွေ့နေရပါသည်။
“မိုးက ၂ ရက်ဆက်တိုက်ရွာနေတော့ ၊ တောင်ယာဖက်သွားရတာလည်းအဆင်မပြေဘူး၊ မိုးကဒီလိုဘဲဆက်ရွာနေရင်တော့ အရင်နှစ်လိုဘဲ ရေလွမ်းတာတွေ ပိုများလာလိမ့်မယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။