နီယိုမီဒီယာသတင်းဌာနဖွဲ့စည်းခြင်း သုံးလပြည့်အခမ်းအနားကျင်းပပြုလုပ်

fotojet (1)

အောက်တိုဘာ (၂၀)ရက်၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် နီယိုမီဒီယာသတင်းဌာနသည် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းခန်းမတွင် ၂၀၂၅-ခုနှစ်၊ အောက်တိုဘာ (၁၉)ရက်၊ နံနက်(၉)နာရီအချိန်မှာ စတင်ပြီး သုံးလပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည် ။
photo 2025 10 22 12 05 31 (2)
photo 2025 10 22 12 05 32 (2)
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုပြီးအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအကြီးကဲ ဦးခွန်ပီတာထွန်းနိုင်အဖွင့်အမှာစကားပြောကြားခဲ့ပြီး (PNA)စစ်ဦးစီးချုပ် ဦးခွန်မြင့်အောင်မှ အားပေးစကားပြောကြားကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေမှ မီဒီယာသည် မြန်မာနိုင်ငံမှာ စတုတ္ထမဏ္ဍိုင် တစ်ရပ်ဖြစ်ကြောင်း မီဒီယာသည် အစိုးနှင့်လူထုကြားက ပေါင်းကူတံတားဖြစ်ကြောင်း မီဒီယာဟာ အလွန်အရေးကြီးကြောင်းပြောကြားခဲ့ပါသည် ။
photo 2025 10 22 12 05 32 (4)
photo 2025 10 22 12 05 32 (3)
ထိုနောက် ပအိုဝ်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ မီဒီယာသည် ဘယ်တိုင်းပြည်မှာဖြစ်ဖြစ် အလွန်အရေးပါကြောင်း ပြည်သူလူထုကို သတင်းစကားပါးနိုင်တာလဲ မီဒီယာဖြစ်ကြောင်း မီဒီယာကြောင့် ပြည်သူတွေကောင်းကျိုးဖြစ်စေတာရှိသလို မီဒီယာကြောင့် တိုင်းပြည်ပျက်စီးစေတာလဲရှိကြောင်း မီဒီယာကို တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးခွန်ဆန်းအောင်ကလည်း အထူးဒေသ(၆)မှာ မီဒီယာအားနည်းခဲ့တာကြောင့် ပအိုဝ်းဒေသ သတင်းအမှန်တွေ ပြည်သူလူထုဆီ အရောက်မပို့နိုင်ခဲ့ကြောင်း ယခုလို နီယိုမီဒီယာသတင်းဌာန ပေါ်ပေါက်လာခြင်းကို အင်မတန်ဝမ်းသာကြောင်း မီဒီယာလုပ်ငန်းကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပြီး နီယိုမီဒီယာ သတင်းဌာနအဖွဲ့များကလည်း သုံးလပြည့် သတင်းပေးပို့ခြင်းလုပ်ငန်းစဉ် အစီရင်ခံစာတင်ပြခဲ့ကြပါသည်။
photo 2025 10 22 12 05 32 (8)
photo 2025 10 22 12 05 32 (5)

ထိုနောက် နီယိုမီဒီယာ သတင်းဌာနရုံးချုပ် တာဝန်ခံ နန်းစိန်သန်းနုမှ နီယိုမီဒီယာသတင်းဌာန သုံးလပြည့်အခမ်းအနား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုပြန်လည်ရုပ်သိမ်းခဲ့ပါသည် ။
photo 2025 10 22 12 05 33

အဆိုပါ နီယိုမီဒီယာသတင်းဌာန သုံးလပြည့် အခမ်းအနားတွင် နီယိုမီဒီယာသတင်းဌာနတာဝန်ရှိသူများ၊ (PNA)စစ်ဘက်ဆိုင်ရာအကြီးကဲများ၊ (PNO)ပါတီအကြီးကဲများ၊ အရပ်ဘက်ဆိုင်ရာအကြီးကဲများ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟို အကြီးကဲများ၊ လူငယ်ရေးရာတာဝန်ရှိသူများ စုစုပေါင်း (၂၅၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရပါသည် ။
photo 2025 10 22 12 05 32
photo 2025 10 22 12 05 32 (6)photo 2025 10 22 12 05 33 (3)
photo 2025 10 22 12 05 33 (6)

Email – niyomedia839@gmail.com
#နီယိုသတင်းဌာန
#niyomedia
Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1&sender_device=pc
website – https://niyomedia.org/
Telegram – https://t.me/niyomedia
YouTube – https://www.youtube.com/@niyomedia14

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top