၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ နန်းပန်းရွာမှာရှိတဲ့ကလေးငယ်များအတွက် ကျန်းမာရေးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။
နန်းပန်းရွာမှာနေထိုင်တဲ့ကလေးငယ်များကျန်းမာရေးအတွက် အခမဲ့ ကာကွယ်ဆေးများ ထိုးပေးခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ကျန်းမာရေးကာကွယ်ရေးဆေးထိုးခြင်းဟာ ကလေးငယ်တွေရဲ့ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် ကာကွယ်မှုတစ်ရပ်ဖြစ်ပြီး၊ နောက်ထပ်ရောဂါဖြစ်ပွားမှုများကို လျော့နည်းစေတဲ့အပြင် သင်ယူနိုင်စွမ်းအပေါ်လည်းကောင်းမွန်တဲ့ သက်ရောက်မှုရရှိစေပါတယ်လို့ ဆရာမတစ်ဦးမှဆိုထားပါသည်။