စက်တင်ဘာ (၂)ရက်၊ ၂၀၂၅၊ အထူးဒေသ (၆)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့မရှိ စံကားဈေးဟာ စစ်ဒဏ်မှပြန်လည်နလံထူခါစ စံကားဒေသအတွက် အရေးပါလှပြီး စျေးအပတ်တိုင်းလိုလိုပင် ရောင်းသူဝယ်သူများပြီး အတော်စည်ကားတယ်လို့ သိရပါသည်။
ပြည့်ကျပ်ပြီး လူစည်ကားတာကိုအခွင့်ကောင်းယူပြီး တို့ဆေးဖြင့် ခါးပိုက်နိုက်လုယူရန်စောင့်စားနေတဲ့လူတစ်စုလည်းရှိနေကြောင်း ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်
ယခုတပတ်မှာလည်း ပိုက်ဆံ ၅ သိန်းခန့် တစ်ဦး၊ သောင်းဂဏန်းဖြင့်လည်း အများအပြားခါးပိုက်နိုက်ခံရကြောင်းသိရပါသည်။
လွန်ခဲ့တဲ့ အပတ်ပတ်တွင်မှာလည်း တို့ဆေးဖြင့်ခါးပိုက်နိုက်လုခံခဲ့ရတယ် အချို့ဆို သိန်း ၂၀ ကနေသိန်း ၁၀၀ ခန့်အထိ ခါးပိုက်နိုက်ခံခဲ့ရပြီး သောင်းဂဏန်းဖြင့် ခါးပိုက်နိုက်လုခံရတဲ့သူများ ဆိုင်ကယ်ပျောက်သည့်သူများလည်း အများအပြားရှိနေကြောင်း ဒေသခံများရဲ့ပြောကြားချက်အရသိရပါသည်။
စစ်ဒဏ်မှပြန်လည်နလံထူခါစဒေသဖြစ်ပြီး နေထိုင်စားသောက်ဖို့ရှာဖွေရတာမလွယ်ကူတဲ့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များအား စုံစမ်းအရေးယူပေးစေလိုကြောင်း ဒေသခံများထံမှသိရှိရပါသည်။