ဩဂုတ် ၂၆ ရက်၊ ၂၀၂၅။
——————————-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ် နောက်ပစ်ကျေးရွာအုပ်စု၊ ကန်တန်ကျေးရွာတွင် ကျေးရွာကော်မတီဖလားဘောလုံးပြိုင်ပွဲကို အလွတ်တန်းတွင် ၃၅သင်းနှင့် ( Old Star )အသင်း ၉ သင်းဟူ၍ စုစုပေါင်းအသင်း၄၄ သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါသည်။
ပြိုင်ပွဲကို ဩဂုတ်လ ၅ရက်နေ့တွင် စတင်ခဲ့ရာမှ ဩဂုတ်လ ၂၄ရက်နေ့တွင်နောက်ဆုံး ဗိုလ်လုပွဲကျင်းပခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ရက်(၂၀)ကြာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
ဗိုလ်လုပွဲတွင် အလွတ်တန်းမှ ပုံတန်ကျေးရွာဘောလုံးအသင်းကအနိုင်ရဗိုလ်စွဲကြပြီး ( Old Star )အသင်းတွင် Paoh old star ဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲကြောင်းသိရှိရပါသည်။
ယခုလိုဒေသတွင်းဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းသည် လူငယ်များအား အားကစားတွင် စည်းလုံးမှုရှိစေပြီး ကျန်းမာရေးကောင်းမွန်မှုနှင့် လူမှုညီညွတ်မှုတို့ကို တိုးတက်စေရန်ရည်ရွယ်ကြောင်း တာဝန်ခံတစ်ဦးက ဆိုထားပါသည်။