စက်တင်ဘာလ (၂)ရက်၊ ၂၀၂၅။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ မြို့လယ်ဓမ္မာရုံထဲတွင် နံနက်(၉)နာရီအချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်းလက်တွေ့ပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်းလက်တွေ့ပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ပင်တွန်ကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုက ပြည်လူထု (၃၀၀)ကျော် တက်ရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်းလက်တွေ့ပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။