ဩဂုတ်လ ၅ ရက်နေ့
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်
ကျောက်တလုံးကြီးမြို့နယ်ခွဲ နောင်ပစ်ကျေးရွာအုပ်စု ကန်တန်ကျေးရွာ၌ ကျေးရွာအုပ်စုမှ အကြီးအကဲများဦးဆောင်မှုဖြင့် တတိယအကြိမ်မြှောက် ကျေးရွာကော်မတီဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပလျက်ရှိနေသည်။
၎င်းပြိုင်ပွဲကို ဖြားခွန်ဆရာယွန်း(ဖြားဗွာခမ်း ဒုခမ်းဗွေႏ)မှ တက်ရောက်ဖွင့်လှစ်ပေး၍ အားပေးစကား အမှာစကားများပြောကြားခဲ့ပြီိး ပြိုင်ပွဲကို 5.8.2025 မှစတင်ကျင်းပမည်ဖြစ်ရာ ခန့်မှန်းခြေအရ ရက်၂၀ကျော်ဝန်းကျင် ကြာမည်ဖြစ်ကာ Old starအသင်း ၉-သင်းနှင့် အလွတ်တန်း ၃၅-သင်းဖြင့် ပြိုင်ပွဲဝင်အသင်း (၄၄)သင်းရှိကြောင်း ဒေသခံတစ်ဦးက Niyo mediaကို ပြောပြခြင်းကြောင့် သိရသည်။